ကြက်ဥ၏ ကျန်းမာရေး
01-Mar-2017
ကြက်ဥက ပရိုတင်းအစားအစာဖြစ်ပြီး ဦးနှောက်၊ နှလုံးနဲ့ ခုခံအားစနစ်အတွက် အလွန်အကျိုးရှိတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ကြက်ဥအကာမှာ စွမ်းအင်ထုတ်လုပ်ဖို့နှင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ဖယ်ရှားဖို့အတွက် အရေးပါတဲ့အာဟာရ ဆီလီနီယမ် နဲ့ ရေဗိုဖလေဗင် (ဘီ၆) တွေ များစွာပါဝင်ပါတယ်။
ကြက်ဥနှစ်မှာ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အေ၊ အီး၊ ဘီ ၁၂၊ ဒီ၊ ကေ၊ ဖေလိတ်နဲ့ ပန်သိုသနစ်အက်စစ်တွေ များစွာပါတဲ့အပြင် သတ္တုဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖော့စဖရပ်စ်၊ ဆီလီယမ်နဲ့ သွပ်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ကူညီပေးပြီး သွေးနီဥတွေကို ထုတ်လုပ်ပေးပါတယ်။ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း လူတင်နဲ့ ဇီယာဇမ်သင်းဟာ ဗီတာမင်အီးနဲ့ ပေါင်းစပ်ပြီး မျက်လုံးနဲ့ အရေပြားအတွက် များစွာ အကျိုးကျေးဇူးရှိပါတယ်။
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, August 2016, Pg. 16
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

